Main menu

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၃.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊   ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)