Main menu

ရွှေတောင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၇.၉.၂၀၂၄) နေ့လယ်တွင် ရွှေတောင်မြို့နယ် (အ.မ.က) သဲကုန်းကျောင်းသို့သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ယဉ်ယဉ်ဆင့် (ဒု-ဦးစီးမှူး)မှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ၏တာဝန်များ၊ ကုန်ညွှန်းအမှတ်သား(၈)ချက်နှင့် စားသုံးသူအနေဖြင့် နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြား နိုင်ကြောင်းနှင့် တိုင်ကြားရန်နည်းလမ်းများအကြောင်းကို အကျယ်တဝံ့ ဆွေးနွေး ဟောပြောခဲ့သကဲ့သို့ အခြားမိတ်ဖက်ဌာနဆိုင်ရာဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်ငြိမ်းငြိမ်းသန့် (ဦးစီးအရာရှိ)မှ စာဖတ်ရခြင်းအကြောင်းကို ပုံပြင်များနှင့်တကွတွဲ၍ ဟောပြောခြင်း၊ ထို့နောက်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့် (မြို့နယ်တိုင်းရင်း ဆေးမှူး)မှ အာဟာရဖြစ်စေသောအစားအစာများ၊ တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်သည့် သိကောင်းစရာများအကြောင်းကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထိုသို့အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)