
၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးကင်းလုံခြုံစေရေးနှင့် အသုံးပြုမှုအဆင်ပြေချောမွေ့စေရေးတို့အတွက် မြိတ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ကျန်းမာရေးအထောက်အကူပြုအသုံးအဆောင်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိနေသော ကုန်စည်များရွေးချယ်ဝယ်ယူရောင်းချရန်နှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချခြင်းမရှိစေရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)