
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်၍ ပေါ်ဆန်းဆန်များ ပြည်တွင်းဆန် ဈေးကွက်သို့ ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၉ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊
အဆိုပါအစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ အဖွင့်မှာ စကားပြောကြားခြင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ ဦးဟန်ဝင်းကျော်မှ ဧရာဝတီပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းထွက်ရှိရာဒေသများမှ အခြားပြည်နယ်နှင့်တိုင်းများသို့ တင်ပို့နေမှုများဆွေးနွေးခြင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်မှ လက်ရှိဆန်ဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်၊၊
တက်ရောက်လာသော ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များမှလည်း ရည်ညွှန်းဈေး သတ်မှတ်ရာတွင် တစ်ဧက ကုန်ကျစရိတ် အသေးစိတ်တွက်ချက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ မိမိတို့တိုင်းဒေသကြီးအလိုက် စားသုံး၊ ပိုလျှံ၊ ထွက်ရှိမှုများ တွက်ချက်ရန်နှင့် ဆန်စက်နှင့် ဆန်ကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်များ ပြန်လည် အသက်ဝင်လှုပ်ရှားစေလိုကြောင်း ပြောကြားပြီး အခမ်းအနားကို နေ့လယ် (၁၁:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)