
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် “အောင်ချမ်းသာ” ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်ရှိလည်ပတ်နေသော စက်၏ ကြိတ်ခွဲအားတန်နှင့် ထုတ်လုပ်မှုစွမ်းအား ၊ ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှုအခြေအနေ၊ ဆန်စပါး သိုလှောင် သိမ်းဆည်းထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့ကြပါသည်။ ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ အလေးချိန် အချိန်တွယ် ပြည့်ဝမှန်ကန်စေရေး ၊ ဆန်စက်မှ ထွက်ရှိသော အညစ်အကြေးများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)