၁၈.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မော်လမြိုင်မြို့ရှိ Ocean Supercenter တွင် ဆန်များအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှသတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း၊ ပြည်သူများသို့ ဆန်များ ရောင်းချရာတွင် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မပြုရန်၊ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)