၁၈.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယ ပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ Ocean Super Center နှင့် ဝံဈေးတို့၌ စားဆီအမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်အချက်များပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားဆီအမျိုးမျိုးတို့သည် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မွန်)