Main menu

ဘီးလင်းမြို့နယ်တွင် အာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၉.၉.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့၊ ဘိုးရာဇာရပ်ကွက်၊ မင်္ဂလာဈေးအတွင်းရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးကို ရောင်းချနေသောဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်းရောင်းချနေသော အာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထောက်ခံချက်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည့် စားသုံးသူများ ဘေးအန္တရာယ် ကင်းသော အာဟာရဖြည့်စွက်စာများကိုသာ ရောင်းချနေကြောင်း တွေ့ရှိရပြီး အာဟာရဖြည့်စွက်စာ ရောင်းချဖြန့်ဖြူးသည့် ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာတွင် ပါဝင်ရမည့်အချက်များနှင့်ပြည့်စုံပြီး သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သော ကုန်စည်များကိုသာ ရောင်းဝယ်မှုပြုကြစေရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)