Main menu

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့ အဆင့်မြင့်ငါးဈေးသစ် စီမံကိန်း ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

Powered by Drupal

   ၁၉.၉.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မော်လမြိုင်မြို့၊ မုပွန်ရပ်၊ အဆင့်မြင့်ငါးဈေးသစ် စီမံကိန်းဝင်း အတွင်း၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပပြုလုပ်သော အဆင့်မြင့်ငါးဈေးသစ်စီမံကိန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများနှင့် ငါးဈေးသစ်စီမံကိန်းမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

     မင်္ဂလာအချိန်တွင် အဆင့်မြင့်ငါးဈေးသစ်ဆောက်လုပ်မည့်နေရာအတွင်း သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များ ရိုက်သွင်းခဲ့ကြကြောင်း သိရှိရသည်။

    အဆိုပါ အဆင့်မြင့်ငါးဈေးသစ်တည်ဆောက်ပြီးစီးပါက မွန်ပြည်နယ် ဒေသအသီးသီးမှ ထွက်ရှိသော ငါးများအား သန့်ရှင်းလတ်ဆတ်စွာဖြင့် ‌ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA(မွန်)