Main menu

ကန့်ဘလူမြို့နယ်တွင် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် လိုင်စင်သက်တမ်းကုန်ဆုံးခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့စသည့်တစ်မျိုးခြင်းအလိုက် ရောင်းချခွင့်လိုင်စင်များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးမျိုးဝင်းသန်းက လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ၊ သက်တမ်းလွန်မျိုးစေ့များ၊  ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)