Main menu

မြိတ်မြို့ ဆီကိုယ်စားလှယ်သို့ရောင်းချပေးသော စားအုန်းဆီများရောက်ရှိ

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Mahar Phone Let Yone ကုမ္ပဏီမှ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၅၇ ပေပါ (သို့) ပိဿာ ၆၂၇၀ကို တင်ဆောင်လာသောမော်တော်ယာဥ်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၂၃) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)