၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း(၁/၂၀၂၄)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးစိုးဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းနုမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၏ ထူးခြားချက်များ၊ SOP လုပ်ငန်းစဥ်များ၊ မိမိတို့ဦးစီးဌာနမှ ဆောင်ရွက်ပေးသည့်လုပ်ငန်းစဉ်များအကြောင်းရှင်းလင်းပို့ချခဲ့ကာ ဆက်လက်၍ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်မြင့်မြင့်ခိုင်မှသတင်း ဆောင်းပါးများရေးသားရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များနှင့်သတင်းဆောင်းပါးရေးသားပုံ၊ ရေးသားနည်းများကို သင်တန်းသားများအား ရှင်းလင်းပို့ချခဲ့ကာ သင်တန်းမနက်ပိုင်းအား ရုပ်သိမ်းခဲ့ပါသည်။
ဒုတိယပိုင်းတွင် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံ၊ ဦးလင်းကျော်ဇံစိုးမှ ကောင်းမွန်သောဆေးဝါးရောင်းချမှု ကျင့်စဉ်များအကြောင်း၊ ဆေးဝါးနှင့်ဆေးဝါးအမျိုးအစားများအား ရှင်းလင်းပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းအား တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်ဦးစီးမှူးရုံးတို့မှ အရာထမ်း၊အမှုထမ်း (၂၃) ဦးတို့မှ Physical၊ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကာ သင်တန်းကာလမှာ (၂၃.၉.၂၀၂၄) ရက်နေ့မှ (၂၄.၉.၂၀၂၄) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)