![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/30.5_6.jpg?itok=IWUb-yp-)
၂၀.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် ထုတ်လုပ်သည့် “ရွှေလက်ရာ” အမှတ်တံဆိပ် ဝဥကြာဇံမာလာနှင့် မာလာရှမ်းကော အသင့်စားလုပ်ငန်းသို့ ကွင်းဆင်းလေ့လာခဲ့သည်။
ထိုသို့ ကွင်းဆင်းရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက တစ်လထုတ်လုပ်နိုင်မှု၊ ရောင်းချဖြန့်ဖြူးသည့် ဈေးကွက်အခြေအနေ၊ ဈေးနှုန်းအခြေအနေများ၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုအခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး လုပ်ငန်းရှင်က တစ်လလျှင် မာလာရှမ်း ကောဘူးပေါင်း (၆၀၀၀) ဝန်းကျင်ခန့် ထုတ်လုပ်ကြောင်း၊ ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို မော်လမြိုင်မြို့ပေါ် Super Market များ၊ ရန်ကုန်၊ မန္တလေးနှင့် ဒေသအသီးသီးသို့ ဖြန့်ဖြူးကြောင်း လုပ်သားအင်အား (၁၂) ဦးအလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် မော်လမြိုင်မြို့နယ် တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ပါသည်။
DOCA(မွန်)