Main menu

ညောင်တုန်းမြို့နယ် စက္ကော့တောင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

    (၁၉.၉.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီ ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ် စက္ကော့တောင်ကျေးရွာ (အ.ထ.က)ကျောင်းတွင်  ကျောင်းသား/သူ (၂၅၆)ဦးအား မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ခဲ့ကြသည်။

     အသိပညာပေးဟောပြောရာ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသမိုင်းကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း  လေ့လာဖတ်ရှုရွေးချယ်တက်စေရန်နှင့် ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ရှင်းလင်းတင်ပြတိုင်ကြားခွင့်နှင့် နစ်နာမှုနှင့် စပ်လျဉ်း၍ ကုစားခွင့်ရှိကြောင်းကိုလည်းကောင်း၊ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရှိကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနသို့ စားသုံးသူပြည်သူများ အလွယ်တကူ တိုင်ကြားနိုင် ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center - CICC) ကို ဖွင့်လှစ်ထားရှိပါသည်။ စားသုံးသူပြည်သူများသည် လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း တိုင်ကြားနိုင်ပါသည်။ CICC များက လိုအပ်သော အချက်အလက်များ ဖြည့်သွင်းခြင်း၊ အထောက်အထားများ ယူခြင်းများ ဆောင်ရွက်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်လက်တင်ပြမည်ဖြစ်ပါသည်။ ထို့အတူ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www .doca .gov .mm သို့လည်း ဝင်ရောက်၍ တိုင်ကြားနိုင်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူ ၂၇၅ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပါဝင်ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)