Main menu

ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးခြင်း

Powered by Drupal

    (၁၉.၉.၂၀၂၄)ရက်နေ့၊နံနက် (၁၁:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူနြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အွန်လိုင်ဖြင့် ဈေးရောင်းချသူ(၁၇) ဦးအား ဖိတ်ကြား၍ အွန်လိုင်းမှတ်ပုံတင်ခြင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာနသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ တွင်  ထုတ်ပြန်ခဲ့ကြောင်း၊ အွန်လိုင်းဖြင့် ကုန်စည် ဝန်ဆောင်မှုကို ရောင်းချသည့် မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို မှတ်ပုံတင်ပြီးမှ ရောင်းချခွင့်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြီး (၆)လပြည့်သည့် နေ့ရက်မှစ၍  မှတ်ပုံတင်မရှိဘဲ ရောင်းချသည့် အွန်လိုင်းရောင်းချသူများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းဖြင့် ငွေကြေးရယူပြီး ရောင်းချသည့် လုပ်ငန်းရှင်များ မဖြစ်မနေ မှတ်ပုံတင်ရမည်ဖြစ်၍ အွန်လိုင်းဖြင့် ဈေးရောင်းချသူအားလုံး  မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အွန်လိုင်းရောင်းချမှုတွင် မှတ်ပုံတင်ခြင်းလုပ်ငန်းကို မိမိဖုန်း    Google တွင် www.ecomreg.gov.mm ဝင်ရောက်၍ မှတ်ပုံတင်ရမည်။ လုပ်ငန်းအဆင့်ဆင့်ကို ဖြည့်သွင်းပြီး မှတ်ပုံတင်လျှောက်ထားရမည်ဖြစ် ကြောင်း၊ မှတ်ပုံတင်ထားခြင်းမရှိပဲ ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း မြေမြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကုန်သွယ်ရေးဦးစီးဌာနသို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဟောပြောခဲ့ပြီး တက်ရောက်လာသူလုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းသည်ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)