Main menu

ညောင်တုန်းမြို့နယ် ဆွေသဟာဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    (၁၉.၉.၂၀၂၄)ရက်နေ့၊နံနက်(၁၀:၃၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး အတွက် ဆွေသဟာဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဆွေသဟာဆန်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ဆန်သိုလှောင် ထားရှိမှု အခြေ အနေများ၊ ဆန်တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်အဆင့်အတန်းနှင့် Gasifier သုံးစနစ် ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်းကြည့်ရှုလေ့လာခဲ့ပြီး ဆန်စက်မှ အဆင့်မြင့် တင်လုပ်ငန်း လုပ်ကိုင် ဆောင်ရွက်နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ် ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးတိုင်ပင်အကြံညဏ်ပြုခဲ့ပြီး ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် MRF ဆန်အသင်းက သတ်မှတ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်ဈေးဖြင့်ရောင်းချရန်၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)