Main menu

မအူပင်မြို့ပေါ်ဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

     (၁၉.၉.၂၀၂၄)ရက်နေ့နံနက်(၀၉:၀၀)နာရီတွင် မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ် ဈေးကွက်အတွင်း  အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်အမျိုး မျိုးအား မိတ်ဖက်ပူးပေါင်းအဖွဲ့ဖြစ်သော စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ထွေအုပ်အဖွဲ့တို့နှင့်အတူ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

     မအူပင် မြို့မဈေး၊ အခွန်လွတ်ဈေး၊ ၃လမ်းဈေးနှင့် မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စည်ပင်သာယာစျေးအတွင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခြင်း၊ စားသောက်ကုန် ရောင်းချ လျက်ရှိသော ဆိုင်ပိုင်ရှင်များအား အန္တရာယ်ရှိသော အသင့်ဖျော် ကော်ဖီမစ်ကဲ့သို့ အန္တရာယ်ရှိသော စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ရောင်းချမှုကိုတွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသား မြန်မာဘာသာဖော်ပြပါဝင်သော ကုန်စည်ကိုသာဦးစားပေးရောင်းချရန်အသိပေးပြောကြားပြီး မအူပင်ဈေးကွက်အတွင်း တရားမဝင်ကော်ဖီမစ်ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ“စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)