
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ စားသုံးထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီတို့သည် (၂၂.၉.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန် တွင် လက်ပံတန်းမြို့နယ်မြို့မ ရပ်ကွက်(၂)လမ်း၌ ကုန်မျိုးစုံပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်(၂၅) ဦးနှင့်တွေ့ဆုံ၍ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)