Main menu

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ အနောက်စုကျေးရွာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင် အသေးစားစက်မှုလက်မှုဝန်ကြီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို (၂၃.၉.၂၀၂၄)ရက်နေ့မှစ၍ (၇)ရက်တစ်ပတ် ဖွင့်လှစ်ပြီး နောက်တစ်ပတ်ခြားတွင် မွမ်းမံ(၇)ရက်ထပ်မံ ပြန်လည်ပို့ချပြီး ကျေးလက်နေပြည်သူများ ဝင်ငွေတိုးစီမံကိန်း ဆောင်ရွက်နိုင်ရန် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါသင်တန်းသည် ကျေးလက်နေပြည်သူများအတွက် ဝင်ငွေတိုးစေရန်၊ လုပ်ငန်းရှင် ပေါ်ထွက်စေရန်၊ MSMES တပိုင်တနိုင် ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊  သင်တန်း(၇)ရက်ပို့ချသည့် ကာလအတွင်း ဆပ်ပြာဆီ၊ အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ အရည်/အခဲ ထုတ်လုပ်နိုင်သည့် အဆင့်ရောက်ရှိအောင် သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အထဲမှ (၅)ဦးကိုရွေးချယ်၍ လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် ပစ္စည်းထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုသင်တန်းတွင် သင်တန်းသား (၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)