Main menu

မြောင်းမြခရိုင် မြောင်းမြမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများ ရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄) ရက်နေ့ ၊ညနေ (၁၅:၀၀)နာရီအချိန်တွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးညီညီအောင်နှင့်အတူ ရန်ကုန်မြို့ရှိစားအုန်းဆီ ကုမ္ပဏီများမှ  (၂၁.၉.၂၀၂၄)ရက်နေ့နှင့် (၂၃.၉.၂၀၂၄)ရက်နေ့ထုတ် (၇၆)ပေပါ (သို့) ပိဿာ ၈၃၆၀သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီကား(ယာဉ်အမှတ်  8G-2020)မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)