ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်မှဆန်လိုအပ်ချက်ရှိသော တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သို့ဆန်များတင်ပို့နိုင်ရန်အတွက် (၂၄.၉.၂၀၂၄)ရက်နေ့၊ ညနေ(၃:၃၀) နာရီအချိန်တွင် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်း အခွန်များဦးစီးဌာန၊ မြို့နယ်ပုဂ္ဂလိကရေယာဉ် များစနစ်တကျပြေးဆွဲကြီးကြပ်ရေးကော်မတီ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်ကျွန်းမြို့မှ မြိတ်မြို့သို့ဆန်တင်ပို့မည့် MV-ဥပေါသထ ရေယာဉ်ဖြင့် ဧည့်မထဆန်(၇၅၀၀)အိတ်၊ ကောက်ညှင်းဆန်(၁၅၀၀)အိတ် စုစုပေါင်း(၉၀၀၀)အိတ် တင်ဆောင်ထားမှုအခြေအနေနှင့်ဆန်များ သယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေး၊ တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဖြစ်ပွားမှုမရှိစေရေးတို့အတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)