စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ)နှင့် (အငယ်တန်းစာရေး) ဦးခိုင်လွမ်းမိုးတို့သည် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် ပူးပေါင်းပါဝင်လျက် ၂၃-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ဓနုဖြူမြို့နယ် လက်လီဆန် အရောင်းဆိုင်တို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဓနုဖြူမြို့နယ်၊ အတွင်းရှိ ဆန်ဆိုင်၊ ဒေါ်ရွှေဆန်ဆိုင် (၇)ရပ်ကွက်၊ အောင်ကမ္ဘာဆန်ဆိုင် မြို့မဈေး စွမ်းဆန်ဆိုင် မြို့မဈေးထူးခြားစွာဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ပုံမှန်အတိုင်း ရောင်းဝယ်လျက်ရှိပါကြောင်း စစ်ဆေး တွေ့ရှိရပါသည်။ ၎င်းဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ပေးသော ရည်ညွှန်းဈေးအပေါ် ဒေသထွက် ဧည့်မထဆန်များကို ဝယ်ယူရောင်းချခြင်း ဖြစ်သောကြောင့် လုပ်သားခပေါင်း၍ အမြတ် ၃ရာခိုင်နှုန်းဖြင့် ရောင်းချရန် အခြားဒေသထွက်ဖြစ်ပေါ် ပေါ်ဆန်ဆန်များကို ဝယ်ယူရောင်းချခြင်းကြောင်း ရည်ညွှန်းဈေးအပေါ် အမြတ် ၅ရာခိုင်နှုန်းဖြင့် ရောင်းချရန် ဈေးနှုန်းကပ်၍ ရောင်းချရန် ဆန်ဆိုင်များတွင် တစ်နေ့ရောင်းချ ဆန်အိတ်ရေ၊ လက်ကျန်ဆန်အိတ်နှင့် ဆန်များဈေးမြင့်တင်ရောင်းချရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း မပြုလုပ်ရန် စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)