စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ် (၄) မြို့နယ် အတွင်း လုပ်ငန်းလျာထားချက်အလိုက် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် ရုံးချုပ်မှ လမ်းညွှန်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးအား လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဆောင်ရွက်နေရာ ပန်းတနော်မြို့ တွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန်အတွက် ၂၃.၉.၂၀၂၄ ရက် နံနက် (၁၀:၃၀) နာရီအချိန်က ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူ ပူးပေါင်းအဖွဲ့ များက ပန်းတနော်မြို့ ပေါ်ရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင်များကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပန်းတနော်မြို့ပေါ်ရှိ စျေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Goody အဆင့်မြင့်စားသုံးဆီနှင့် Duck ဟင်းသီးဟင်းရွက်တို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ကြောင်းသိရသည်။
ယင်းသို့စစ်ဆေးခဲ့ရာတွင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များ၊ မြန်မာဘာသာ ကုန်အညွှန်းအမှတ်အသားများ လုံးဝ(လုံးဝ)ဖော်ပြထားခြင်းမရှိဘဲ အခြားဘာသာများဖြင့် ဖော်ပြထားသောကုန်စည်များအား ရောင်းချခြင်းမပြုလုပ်ကြရန်နှင့် ဥပဒေအရ အရေးယူခံရနိုင်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
ဇော်မင်း(မအူပင်ခရိုင်)