Main menu

ပုသိမ်မြို့၊ အ.ထ.က(၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေး

Powered by Drupal

    ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်(၅)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းကို ပုသိမ်မြို့၊ အ.ထ.က(၁)ကျောင်း၊ အစည်းအဝေးခန်းမတွင် ၂၃.၉.၂၀၂၄ ရက်နေ့မှ ၂၇.၉.၂၀၂၄ ရက်နေ့ထိ ကျင်းပလျက်ရှိပါသည်၊၊

    အဆိုပါသင်တန်းတွင် စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးကျော်စိုးရီမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု ၊ စားသုံးသူကာကွယ်ပေးရေး လုပ်ဆောင်ရသည့် ရည်ရွယ်ချက်အကြောင်း၊ စားသုံးသူသည် နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်မှုအကြောင်းနှင့် တိုင်ကြားနိုင်သော နည်းလမ်းများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မေးမြန်းခြင်းအစီစဉ်တွင် တက်ရောက်လာသော သင်တန်းဆရာ/ဆရာမများကလည်း သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲကို သင်တန်းဆရာ/ဆရာမ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)