Main menu

ပုသိမ်မြို့ရှိ online တွင် မှတ်ပုံတင်ရောင်းချသည့်ကုန်စည်များ မှန်ကန်မှုရှိမရှိစိစစ်ခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးခိုင်နှင့်အဖွဲ့သည် (၂၄.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီတွင် ပုသိမ်မြို့၊ အုန်းတောလမ်းရှိ Social Media App ဖြစ်သည့် Facebook တွင် Live လွှင့်၍ online sale ရောင်းချနေသည့် jasmine Queen–bkk အထည်ဆိုင်သို့ သွားရောက်ခဲ့ပါသည်။ ထိုဆိုင်အား online မှတ်ပုံတင်ထားသည့် ကုန်စည်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ စိစစ်ခြင်းနှင့် (၂)နှစ်ကြာလျှင် မှတ်ပုံတင်သက်တမ်းတိုးရန် အသိပညာပေးခဲ့ပါသည်။

    ဆက်လက်၍ ဦးအောင်မင်းနှင့်ညီများမုန့်မျိုးစုံတွင် ရောင်းချသည့် ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာနညွှန်ကြားချက် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)