Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေး online မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်ဦးစီးမှူးရုံးတွင် (၁၈.၉.၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဌာနခွဲမှ သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ဆောင်ရွက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများ ၊ လက်ရှိအရေးယူဆောင်ရွက်မှုများ ၊ထုတ်ကုန်လုံခြုံစိတ်ချရမှုအခြေအနေများအား သင်တန်းပို့ချဆောင်ရွက်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

     (၁၈.၉.၂၀၂၄)ရက်နေ့တွင်သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်လှစ်ဆောင်ရွက်၍ စားသုံးသူရေးရာဌာနခွဲမှ စားသုံးသူကာကွယ်ရေးနှင့် အသိပညာပေးခြင်း၊ online မှတ်ပုံတင်ခြင်း ဆိုင်ရာလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့ ဧရာဝတီတိုင်း ဒေသကြီး ၊ တိုင်းဦးစီး မှူးရုံးမှ ဝန်ထမ်း (၃၇) ဦးတက်ရောက်ခဲ့ပါသည်။

      ပထမဦးစွာ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်ဒုတိုင်းဦးစီးမှူးဦးထွန်းထွန်းမှ online မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသင်တန်းပို့ချခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဌာနခွဲမှ ဌာနခွဲတာဝန်ခံ   ဦးကျော်စိုးရီက စားသုံးသူအကြောင်း သိကောင်းစရာများ၊ CICC ကိစ္စရပ်များအား ပို့ချခဲ့ပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်မှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်အသိပညာပေးခြင်းကုန်ညွှန်းစိစစ်ခွင့်ပြုခြင်းများကို ပို့ချခဲ့ပါသည်။

DOCA(ဧရာဝတီ)