Main menu

ရေနံချောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်တာဝန်ခံသည် စားသုံးသူများ လုံခြုံ စိတ်ချရမှုရှိစေရန်၊ ဆေးဈေးနှုန်းများ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်အတွက် ရည်ရွယ်၍ (၂၃.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိသည့် ချောင်းဆိုး၊ ဖျားနာ၊ အကိုက်အခဲပျောက်ဆေး၊ နှာစီးပျောက်ဆေးများ ပစ္စည်းပြတ်လပ်မှုမရှိဘဲ သွေးတိုးကျဆေး၊ နှလုံးဆေး၊ ဆီးချိုဆေး၊ အာရုံကြောဆေးကဲ့သို့ ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးအမည်ကွဲသော်လည်း အာနိသင်တူ၊ အမျိုးအစားတူ ဆေးများအစားထိုးရောင်းချခြင်းကြောင့် ဆေးဝါးပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)