
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၂၃.၉.၂၀၂၄) ရက်နေ့တွင် မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက် မော်သံလမ်းရှိ ဦးကြိုင် ဆန်ဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပြီး (၂၄.၉.၂၀၂၄)ရက်နေ့တွင် မုဒုံမြို့နယ်တာဝန်ခံသည် မုဒုံမြို့ စားအုန်းဆီ လက်လီရောင်းချနေသော လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များ၊ ဆန်ဈေးနှုန်းမြှင့်တက်မှုအတွက် ဈေးနှုန်းမြှင့်တင်မှုအလို့ငှာ သိုလှောင်ထားရှိမှု၊ ဖြန်ဖြူးရောင်းချမှု မရှိစေရန်နှင့် စားအုန်းဆီများအား လက်လီရောင်းချပေးရာတွင် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချပေးရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်ပြည့်မီစွာ ရောင်းချပေးရေး၊ စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်အပြစ်ပေးအရေးယူခံရမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များမှလည်း ၄င်းတို့ လက်ရှိရောင်းချပေးနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
DOCA(မွန်)