Main menu

ရေးမြို့နယ်တာဝန်ခံသည် ဆီလက်ကားကုန်သည်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    ၂၄.၉.၂၀၂၄ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရေးမြို့နယ်တာဝန်ခံသည် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စားအုန်းဆီ ရောက်ရှိ၊ ရောင်းချ၊ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စားအုန်းဆီ လက်ကားကိုယ်စာလှယ်ဒေါ်စနိုးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာ မြို့နယ်တွင် စားအုန်းဆီစျေးနှုန်းများမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ခွဲတမ်းဆီများအချိန်မှီရောက်ရှိရန်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါသည်။ စားအုန်းဆီလက်ကားကုန်သည်များအနေဖြင့် ရောင်းချသည့် ဆီများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)