Main menu

မွန်ပြည်နယ်အတွင်း ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန်အတွက် စပါးပွဲစားများအား ဒေသတွင်းစပါး ဝယ်ယူခွင့်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများ၊ ကျေးရွာစပါးပွဲစားများနှင့် တွေ့ဆုံဆွေးနွေးခြင်းအခမ်းအနား

Powered by Drupal

    ၂၄.၉.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ချောင်းဆုံမြို့နယ်၊ ကျွန်းသာယာခန်းမ၌ စားသုံးသူရေးရာဦးစီးဌာနနှင့် မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း ကျင်းပသော “မွန်ပြည်နယ်အတွင်း ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန်အတွက် စပါးပွဲစားများ အားဒေသတွင်းစပါးဝယ်ယူခွင့်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများ၊ ကျေးရွာစပါးပွဲစားများနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားသို့” တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်းနာယက ဦးစိုးသန်းအေးမှ အမှာစကားပြောကြားခြင်း၊ မွန်ပြည်နယ်ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌ ဦးခိုင်ဦးမှ တောင်သူလယ်သမားများ စပါးရောင်းဝယ်မှုအဆင်ပြေစေရေးအတွက် စပါးပွဲစားများအား ဒေသတွင်း စပါးဝယ်ယူခွင့်လက်မှတ်များ ပြုလုပ်ပေးနိုင်ရေးကိစ္စများအား အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ဆန်စက်လုပ်ငန်းရှင်များ၊ စပါးတောင်သူများနှင့် ပွဲစားများမှ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)