![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/4.16_0.jpg?itok=nony5YyG)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင် လိုက်လံစစ် ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ၃ မိုင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း စုပုံထားသည့် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသော Instant Rice Vermicelli ကြာဇံထုပ် 55g×30pcs×6Packs Band: wai wai C/O Thailand- 150 Ctns တန်ဖိုးငွေ ကျပ် ၁၀,၈၀၀,၀၀၀ိ/-ပစ္စည်းများအားတွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေတို့အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)