၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊နေ့လယ် (၁၃:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan NewAsia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၂) ပေပါကို ယာဥ်မောင်း ဦးယဉ်ထွေး၊ ယာဉ်အမှတ် 9K-7917/ FUSO မော်တော်ယာဥ်နှင့် (၁၄း၃၀) အချိန်တွင် Mahar Phone Let Yone Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၆၀)ပေပါကို ယာဉ်မောင်း ဦးအောင်ကျော်သူ၊ ယာဉ်အမှတ် 9I-4762Nissan Diesel တင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါစားအုန်းဆီစုစုပေါင်း (၁၅၂) ပေပါအား ကုမ္ပဏီ၏လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)