Main menu

ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်းအား ပလတ်စတစ်မသုံးစွဲရနေ့ဟုသတ်မှတ်ပြီး စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဈေးကော်မတီများပူးပေါင်း ဆောင်ရွက်လျက်ရှိရာ (၃၀..၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် မကွေးမြို့၊ ရန်ပယ်ဈေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ဆက်လက်၍ မကွေးမြို့၊ ရန်ပယ်ဈေးရှိ ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွန်ကြားချက်အမှတ် (/၂၀၁၉)ပါ သတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်မှုရှိ/မရှိနှင့် သုံးစွဲရန်မသင့်တားမြစ်ထားသော အလှကုန်ပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)