![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.3_7.jpg?itok=oOP-AKLD)
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၂၆.၉.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့ လယ်ကိုင်းမူလွန်ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
ပွင့်ဖြူမြို့နယ်တာဝန်ခံက ဌာနမှလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအကြောင်းနှင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများအားလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။ အဆိုပါဟောပြောပွဲသို့ ဝန်ထမ်း(၂)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၇၀)ဦး၊ ဆရာ၊ ဆရာမ (၅)ဦး၊ စုစုပေါင်း(၇၇)ဦး တက်ရောက်ခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)