Main menu

မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ မုန့်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များ၏ တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

     မင်းဘူးခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၇.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မုန့်လုပ်ငန်းရှင်(၂၀)ဦးနှင့်တွေ့ဆုံပြီး ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ (၂/၂၀၁၉)၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တိုင်းတာဝန်ခံက အစားအသောက်များထုတ်လုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များအားလည်းကောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)