မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၆.၉.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဒေသတွင်းစားသောက်ကုန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ပဲပွကြော်၊ ပြောင်းဖူးစေ့ကြော်၊ ရှောက်ယိုလုပ်ငန်းရှင်များထံသို့ သွားရောက်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒုတိယခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်းကို လည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များနှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းကြားနိုင်သည့် နည်းလမ်း၊ တိုင်းကြားနိုင်သူနှင့် တိုင်းကြားသည့်နေရာများကိုလည်းကောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)