စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇင်မင်းကိုကို (ဒု-ဦးစီးမှူး)နှင့်ဒေါ်သီတာဌေး(ဒု-ကြီးကြပ်ရေးမှူး)တို့သည် (၃၀-၉-၂၀၂၄) ရက် တနင်္လာနေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် ဘားအံမြို့ရှိ အမှတ်(၇) ရပ်ကွက်၊ ကုန်စုံဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော ကုန်စည်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာကော်မတီမှ သတ်မှတ်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ် အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင် စစ်ဆေးရေးအရာရှိ ဦးဇင်မင်းကိုကိုက စီးပွားရေးလုပ်ငန်းရှင်များကို စားသောက်ကုန်များ ရောင်းချရာတွင် FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် မုန့်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များကိုမရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)