![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7.12_4.jpg?itok=GNEjYlQz)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် ယူရီးယား မြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် Virtual စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးမှ သွင်းအားစုတန်ချိန်များအတည်ပြုမှတ်တမ်းတင်နိုင်ရေး တင်ပြသည့်အမှာစာနှင့် ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့တိုင်းဒေသကြီး၏ မြေသြဇာအရည်အသွေးနှင့်ဈေးနှုန်းများ ရည်ညွှန်းဈေးထပ်ပိုမို ရောင်းချခြင်းမပြုအောင် စစ်ဆေးဆောင်ရွက်မှုများကို တင်ပြခဲ့ကာ ညနေ(၁၅း၀၀) အချိန်တွင် အစည်းအဝေးပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)