Main menu

စားသုံးသူကာကွယ်ရေး အသိပညာပေးနှင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးသင်တန်းပို့ချ

Powered by Drupal

 (၃၀-၉-၂၀၂၄)ရက်နေ့မှ (၄-၁၀-၂၀၂၄)ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနှင့် နေပြည်တော် ကောင်စီတို့ကြီးမှူးကျင်းပသည့် နေပြည်တော်အဆင့်နည်းပြသင်တန်းတွင် သင်ပြနည်းဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးပွားရေးအစီအစဉ်၊ ဘဝသာယာရေးအစီအစဉ်၊ ပညာနှင့်ပညာရယူနည်းများ စသည့်ဘာသာရပ်ဆိုင်ရာများ သင်ကြားပေးခြင်းနှင့်အတူ ဒေသနေပြည်သူများ၏ လူနေမှုဘဝမြင့်မားရေးတို့အတွက် နေ့စဉ်နေထိုင်သွားလာရာတွင် သိသင့်သိထိုက်သည့် သတင်းအချက်အလက်များအား မြို့နယ်(၈)မြို့နယ်မှ စာရင်းကောက်ယူထားသည့် စာသင်သားပြည်သူများကို သင်ကြားပေးရန် အခြေခံဆရာ၊ ဆရာမနည်းပြနှင့် ကြီးကြပ်သူတို့အား (၂-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄း၅၅)မှ(၁၅း၄၀)အထိ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) သည် စားသုံးသူကာကွယ်ရေးအသိပညာ‌ပေးနှင့် အွန်လိုင်း‌စနစ်ဖြင့်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးသင်တန်းပို့ချခဲ့ပါသည်။

      အဆိုပါသင်တန်းတွင်-

          (၁)စာသုံးသူကာကွယ်ရေးဥပ‌ဒေ အဓိပ္ပါယ်ရှင်းလင်းချက်များ၊

          (၂)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ 

          (၃)စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်မှုများ

       (၄)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် အွန်လိုင်းရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းပို့ချခဲ့ရာ သင်တန်းသားဦးရေ(၁၀၇)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)