Main menu

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ နီလာပုစွန်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်  (၂.၁၀.၂၀၂၄)ရက်နေ့ ၊   နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ နီလာပုစွန်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။   

      ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်(၇) ရပ်ကွက် နီလာပုစွန်မုန့်လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသောမုန့်များအား ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သောပါဝင်ပစ္စည်းများရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် နီလာပုစွန်မုန့်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)