Main menu

စားသုံးသူများဘေးအန္တရာယ်ကင်းဝေးရေး ဓါတ်ခွဲစမ်းသပ်ရန် ကုန်စည်နမူနာဝယ်ယူခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     မကွေတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းသည် (၂.၁၀.၂၀၂၄) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ရန်ကင်းစျေးတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ စားသောက်ကုန်များအား စားသုံးရန်သင့်/မသင့် ဓါတ်ခွဲစမ်းသပ်ရန် ကုန်စည်နမူနာဝယ်ယူခြင်းနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     မကွေးမြို့၊ ရန်ကင်းစျေး၌ ရောင်းချလျှက်ရှိသော အမဲသွေး၊ ပဲသွေး၊ ရှောက်ချဉ်၊ ပဲတီချဉ်၊ မုန့်ဖက်၊ မျှစ်၊ (S)ပဲပြား၊ (K) ပဲပြားတို့အား နမူနာဝယ်ယူခဲ့ပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ခွင့်မပြုတာရှည်ခံဆေး၊ ခွင့်မပြုချွတ်ဆေးနှင့် ခွင့်မပြုဆိုးဆေးများ သုံးစွဲထားခြင်းရှိ/မရှိအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပိုင် ဓါတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးပြီး ခွင့်မပြုတာ ရှည်ခံဆေး၊ ခွင့်မပြုချွတ်ဆေးနှင့် ခွင့်မပြုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိပါက ထုတ်လုပ်ရောင်းချသူ ကုန်စည်ပိုင်ရှင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံစွာမပါဝင်သော ကုန်စည်များရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)