Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံများသည်  စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများပြုလုပ်လျက်ရှိရာ စက်တင်ဘာလအတွင်း ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအထက် တန်းကျောင်း၊ အ-ထ-က(၅)(ကန်နား)ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း၊ အ-လ-က(မင်္ဂလာကျောင်း)များရှိ ကျောင်းမုန့်ဈေးတန်းကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်‌ဈေးအတွင်းရှိ ကုန်စုံဆိုင်များကိုလည်းကောင်း၊ ပျဉ်းမနားမြို့မဈေးအတွင်းရှိ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်များကိုလည်းကောင်း၊ ပျဉ်းမနား မြို့နယ်၊ ယုဇနဈေးအတွင်းရှိ ကုန်စုံဆိုင်များကိုလည်းကောင်း သွားရောက်၍ အသင့်စား စားသောက်ကုန်များ၊ အချိုရည်များ၊ မုန့်မျိုးစုံများ၊ စားသုံးဆီများ၊ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းလွန်သောစားသောက်ကုန်များ ရောင်းချနေမှုရှိ/ မရှိ၊ တားမြစ်ထားသော ကုန်ပစ္စည်းများရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စက်တင်ဘာလအတွင်း (7)ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့် ကုန်စည်(၁၀)မျိုးအနက် စက်တင်ဘာလအတွင်း ဦးစားပေးဆောင်ရွက်ရန်လျာထားသည့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ခြင်းဖြစ်ပါကြောင်း သိရှိခဲ့ရပါသည်။

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(၈)မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ၌ ဝမ်းရောဂါနှင့်ပတ်သက်သည့်ဆေးဝါးများ၊ အားဆေး၊ အရိုးဆေး၊ သွေးကျဆေး၊ အသည်းဆေး၊ အာရုံကြောဆေး၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေး၊ လေဆေးစသည့် ဆေးအုပ်စုများ၊ အခြေခံစားကုန်(၂၃)မျိုးတို့အား ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်း ရှိ/မရှိနှင့် ဆန်အမျိုးမျိုးအား စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် ရည်ညွှန်းဈေးအတိုင်း ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိတို့ကို စက်တင်ဘာလအတွင်း   အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အနေဖြင့်  (၆၉)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရှိခဲ့ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)