Main menu

စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့ပါဝင်သည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်း အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့အနေဖြင့် အခြေခံစားကုန်များ၏ ဖြစ်ပေါ်မှုအခြေအနေများကို ကောက်ယူ၍ သုံးသပ်ချက်များနှင့်တကွ အထက်အဆင့်ဆင့်သို့တင်ပြလျက်ရှိရာ ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များနှင့်အညီ ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်‌ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့တို့မှ တိုင်းဦးစီးမှူး/ပြည်နယ်ဦးစီးမှူးတို့မှ မိမိတို့ တိုင်းဒေသကြီးပြည်နယ်အတွင်း ကုန်စျေးနှုန်းကောက်ယူမှုများနှင့် လက်ရှိဖြစ်ပေါ်နေသော စျေးနှုန်း/စျေးကွက်အခြေအနေများနှင့် ပတ်သက်၍တင်ပြဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ရာ  ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၆း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)