Main menu

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

       ၂၀၂၄ ခုနှစ်၊ ‌အောက်တိုဘာလ ၆ ရက်နေ့၊  နေ့လယ်(၁၄:၀၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ကောင်းဆက်ဟိန်းယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ ၁ ပေပါ လျှင် ၁၁၀ ပိဿာ ပါ စားအုန်းဆီ (၂၁) ပေပါနှင့် Kaung Hlyan New Asia Co,Ltd စားအုန်းဆီ (၄၂)ပေပါ ၊ စုစုပေါင်း (၆၃) ပေပါကို ယာဥ်မောင်း ဦးပြည့်ဖြိုးအောင်၊ ယာဉ်အမှတ် 7L-3503 မော်တော်ယာဥ်နှင့် KHN Co,Ltdမှ  စားအုန်းဆီ (၆၀) ပေပါကို ယာဉ်မောင်း ဦးခင်ချို၊ ယာဉ်အမှတ် 1H-3024 မော်တော်ယာဉ်နှင့် KHN Co,Ltdမှ စားအုန်းဆီ (၇၀) ပေပါကို ယာဉ်မောင်း ဦးဌေးဝင်း၊ ယာဉ်အမှတ် 7F-3777 တို့ဖြင့် တင်ဆောင်၍ ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီစုစုပေါင်း (၁၉၃) ပေပါ အား ကုမ္ပဏီ၏ လက်ကား  အ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဥာဏ်ဝင်း၏ ရွှေတြိဂံ  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှ တစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)