ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့ ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် DOT အဖွဲ့ တို့သည် ၂.၁၀.၂၀၂၄ ရက်နေ့က Good Brother’s Co,Ltd ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ ဆားမလောက် စုပေါင်းလယ်ယာ၊ သရဖူဆန်စက်၊ ခွန်အားဆန်စက်၊ ဆွေသဟာဆန်စက်၊ ဖြူစင်သန့်ဆန်စက်၊ ဧရာဝတီဆန်စက်သို့ သွားရောက်၍ ပြည်ပတင်ပို့မည့် ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှု အခြေအနေများကို မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းပူးပေါင်းစစ်ဆေးရေးတာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်တင်ပို့ရန် ပြင်ဆင်ထားပြီးပါက လိုင်စင်ထုတ်ယူမှု အခက်အခဲလုံးဝရှိကြောင်း၊ ညောင်တုန်း ဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့ တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်ဝင်ငွေ ဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုအခြေအနေများကို စစ်ဆေးခြင်း၊ ဆန်စက်သိုလှောင်ရုံများတွင် ဆန်နှင့် ဆန်ကွဲပြင်ဆင်ထားရှိမှု စနစ်တကျသိုလှောင်ထားရှိမှု ဖြစ်ပေါ်စေရန်နှင့် လိုင်စင်လျှောက်ထားသည့် ဆန်/ဆန်ကွဲအမျိုးအစား၊ ဆန်တန်မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)