စားသုံးသူရေးရာဦးစီးဌာန၊ဘိုကလေးမြို့နယ်တာဝန်ခံ(စစ်ဆေးရေးမှူး)ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ပြန်/ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် (၄) ရပ်ကွက်ရှိ မူလွန်အောက်ပိုင်းကျောင်း၌ ဆရာ၊ ဆရာမ (၁၄)ဦး၊ ကျောင်းသား/သူ (၁၈၀) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးခဲ့ပါသည်။
အဆိုပါ အသိပညာပေးပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် ပတ်သက်၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များအကြောင်း၊ ထိုဖော်ပြချက်များနှင့် ပတ်သက်၍ ရွေးချယ်ဝယ်ယူ စားသောက်ရမည့်အချက်များ ၊ စားသုံးသူများ ကုန်စည်(သို့) ဝန်ဆောင်မှုကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းသို့ သွားရောက်၍ စားသုံးရန် မသင့်သော အစားအစာများ ရောင်းချနေခြင်း ရှိ/မရှိကိုလည်း စစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)