Main menu

မွန်ပြည်နယ်ဦးစီးမှူးမှ ပုဂ္ဂလိက စက်ပန်းထိုးနှင့် အထည်ချုပ်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၆.၁၀.၂၀၂၄ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  မော်လမြိုင်မြို့၊ စက်မှုဇုန်အတွင်းရှိ မွန်တိုင်းရင်းသားဝတ်စုံနှင့် အထည်များထုတ်လုပ်သည့် စက်ပန်းထိုးနှင့် အထည်ချုပ် လုပ်ငန်းစက်ရုံ (၃) ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ စက်ပန်းထိုး အထည်ချုပ်စက်ရုံများတွင် အသုံးပြုနေသော ပိတ်စများမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သော ပိတ်စကို အများဆုံးအသုံးပြုနေပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ဒိုင်များမှ မှာယူအသုံးပြုလျက်ရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသော ပိတ်စများ ကိုမန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့မှ ဝယ်ယူ၍ ကရင်တိုင်းရင်းသားဝတ်စုံများအဖြစ် ပန်းထိုးချုပ်လုပ်၍ ရောင်းချဖြန့်ဖြူးလျက်ရှိပြီး ပြည်တွင်းထုတ် ပိတ်စတစ်လိပ်လျှင် ကိုက် (၂၀) ပါရှိကာ ပိတ်စတစ်အုပ်လျှင် (၂၄၀၀၀၀) ကျပ်ခန့်ဖြင့် ဝယ်ယူရကြောင်း၊ မွန်အမျိုးသမီးဝတ်စုံ ဝမ်းဆက်တစ်စုံလျှင် ထုတ်လုပ်မှုကုန်ကျစရိတ် (၂၀၀၀၀) ကျပ်ရှိပြီး (၂၅၀၀၀) ကျပ်ဖြင့် ပြန်လည်ရောင်းချသဖြင့် ဝတ်စုံတစ်စုံအပေါ် အမြတ်ငွေ (၅၀၀၀) ကျပ်ခန့် ရရှိကြောင်းနှင့် စက်ရုံများမှ ထွက်ရှိသော အထည်များကို ဖြန့်ဖြူးရန် ဈေးကွက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုရှိသဖြင့် အချိန်ပြည့်မလည်ပတ်နိုင်သဖြင့် အင်ဂျင်ဖြင့် လည်ပတ်ရခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာသည့်အတွက် ထုတ်လုပ်သူများ အနေဖြင့် အခက်အခဲအနည်းငယ် ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။

DOCA(မွန်)