Main menu

ဟားခါးမြို့ပေါ်ရှိ ကုန်ပစ္စည်းဖြန့်ဖြူးရောင်းချနေသူများအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးလှမိုးနိုင်(လ/ထညွှန်မှူး)၊ ဒေါ်ဒေါ် ကြယ်(ဒု-ဦးစီးမှူး)၊ ဗဟိုစာရင်းအင်းအဖွဲ့(CSO)မှ ဒေါ်ချိုချိုဝင်း (ဒု/ညွှန်မှူး)၊ ဒေါ်ခင်မမခိုင် (လ/ ထညွှန်မှူး) တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးလှမိုးနိုင်မှ  ပြည် ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌက "ကုန်ဈေး နှုန်းအမှန်တကယ် အတက်/အကျ စာရင်းရရှိရေးမှာ အရေးကြီးပါသည်။ မြေပြင်တွင်အမှန်တကယ် ဖြစ်ပျက်နေသည်ကို တိတိကျကျ သိရှိမှသာလျှင် လိုအပ်သည်များ စီမံဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ CSOနှင့် စားသုံးသူရေးရာဦးစီးဌာနများက စနစ်တကျ ပူးပေါင်းဆောင်ရွက်စေလိုပါသည်" ဟု မှတ်ချက်ပြုခဲ့ရာ ချင်းပြည်နယ်အတွင်း ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ယခုလို ကုန်စုံဆိုင် ရောင်းချနေသူများအား CSO နှင့် ပူးပေါင်းပြီး နေ့စဉ်ကုန်ဈေးနှုန်းများ တိကျမှန်ကန်စေရေးအတွက် ရည်ရွယ်၍ လာရောက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊  ပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက် မြေပြင်ကုန်ဈေးနှုန်း တိကျမှန်စေရေးသည် အလွန်ပင် အရေးကြီးပါကြောင်းနှင့်  ဈေးနှုန်းများ အတက်/အကျ မှန်မှန်ကန်ကန်သိရှိမှသာလျှင် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲပြဿနာများကို နိုင်ငံတော်အကြီးအကဲများထံ တင်ပြပြီး နိုင်ငံတော် အစိုးရမှ ပြည်သူများ၏ နေ့စဉ် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးကို ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်သလို ကုန်စုံဆိုင်ရောင်းချနေသူများအနေဖြင့်လည်း ထိုက်သင့်သည့် အကျိုးအမြတ် ခံစား၍ ကုန်ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းမျိုးကို ရှောင်ရှားစေလိုကြောင်း  အသိပေးရှင်းလင်းခဲ့ကြောင်း သိရပါသည်။

 

DOCA(ချင်း)