![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/14.5_7.jpg?itok=BBDTYF7s)
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် (၇.၁၀.၂၀၂၄)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန် တွင် မော်ကျွန်းမြို့နယ် အမှတ်(၁၀) အောင်ဆန်း(၁)လမ်း၊ (၁)ရပ်ကွက်နှင့် အမှတ်(၆၉) စွယ်တော်ပတ်လမ်း၊ မြို့မ(၁)ရပ်ကွက်တို့တွင် Online Sale ရောင်းချနေသော ဆိုင်ပိုင်ရှင်များအား Online Sale ရောင်းချနေမှုနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံက Online Registration မှတ်ပုံတင်ထားသည့်လုပ်ငန်းများသည် မြေပြင်တွင် အမှန်တကယ်ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး မော်ကျွန်းမြို့နယ် အမှတ်(၁၀) အောင်ဆန်း(၁)လမ်း၊ (၁)ရပ်ကွက်ရှိ မသက်သက်စိုးဆိုင်တွင် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် အမှတ်(၆၉) စွယ်တော်ပတ်လမ်း၊ မြို့မ(၁)ရပ်ကွက် ရှိဒေါ်သန္တာအောင်ဆိုင်တွင် ကလေးအသုံးအဆောင်ပစ္စည်းများ ရောင်းချနေမှုအပေါ် Q/R ကုတ် လိုင်စင်ရှိ/မရှိ စစ်ဆေးခဲ့ပြီး Online Sale ရောင်းချမှုနှင့် ပတ်သက်သည့် အကြောင်းအရာများ ဆွေးနွေးလျက် လိုအပ်သည်များကိုလည်း ထပ်မံ၍အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)