![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15.5_8.jpg?itok=dazpOgr8)
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆.၁၀.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီက ညောင်တုန်းမြို့ ဆီရောင်းချသူ လုပ်ငန်းရှင် ၁၅ဦးအား ဖိတ်ကြား၍ အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေး၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းတို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က စားသုံးဆီထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆိုင်၌ရောင်းချနေသည့် စားသုံးဆီဘူးများပေါ်၌ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၃-၁၂-၂၀၁၉)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၂၀-၁၂-၂၀၂၁)ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)ကို လိုက်နာ ဆောင်ရွက်မည့်အပြင် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးအာဏာပိုင်အဖွဲ့ မှထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ(Blended Oil)အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့် အမိန့်အမှတ်(၂/၂၀၂၄) ကိုပါလိုက်နာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ၁၈-၉-၂၀၁၈ အမိန့်ကြော်ငြာစာ ၄၆/၂၀၁၈ ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ တားမြစ်ခြင်းအကြောင်း၊ ၁၆-၁၀-၂၀၂၈ အမ်န့်ကြော်ငြာစာ ၅၃/၂၀၁၈ စပါးဆန်/ ပဲမျိုးစုံ ကြိတ်ခွဲစက် ဖျက်သိမ်းအမိန့်အကြောင်း၊ ၃၀-၃-၂၀၂၀ အမိန့်ကြော်ငြာစာ ကုန်စည်များ အပေါ် တားမြစ်မိန့် ထုတ်ပြန်ခြင်း အကြောင်း ကို လည်းကောင်း၊ ၈-၄-၂၀၂၂ အမိန့်အမှတ် ဝါသီးနှံနှင့် ဝါဂွမ်းအပေါ် တားမြစ်မိန့်အကြောင်း၊ ၂၁-၇-၂၀၂၃ အမိန့်ကြော်ငြာစာ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းအဖြစ် သတ်မှတ်အမိန့်စသည့် အမိန့်နှင့်ညွှန်ကြားချက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည် ။ ဆွေးနွေးပွဲသို့ စားသုံးဆီရောင်းချသည့် စီးပွားရေး လုပ်ငန်းရှင်(၁၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)